Barfi!
7.5

Barfi!

NRComedy151 min

မင်းသား Ranbir Kapoor ၊ မင်းသမီး Priyanka Chopra နဲ့ Illeana D’ Cruz တို့ ပါဝင်ထားတဲ့ Barfi ရုပ်ရှင်ကားဆိုတာ Bollywood ရဲ့ ကြီးကျယ်စွာအောင်မြင်ထားတဲ့ Romance Comedy ဇာတ်ကားဖြစ်ပါတယ်…ပန်းချီကားတစ်ချပ်လို ရှုခင်းတွေနဲ့ ဓာတ်ပုံပညာပါပါ ရိုက်ကူးထားမှု၊ သရုပ်ဆောင်မှု၊ဇာတ်လမ်း ဇာတ်အိမ်ပိုင်းတွေမှာ ဘာမှအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ ရုပ်ရှင်ကားပါ။ ၂၀၁၂ခုနှစ်မှာပြသခဲ့တဲ့ အိန္ဒိယရုပ်ရှင်Barfiဟာ ဟာသdramaရုပ်ရှင်ဖြစ်ပေမယ့် ဒီရုပ်ရှင်ကြောင့်အိန္ဒိယဆွံ့အနားမကြား လူ့အဖွဲ့အစည်းကို အစိုးရမှဥပဒေသစ်၂ရပ်ထပ်တိုးပေးခဲ့ပြီး ကမ္ဘာပေါ်ကဆွံ့အနားမကြားတွေရဲ့ဘဝကိုကိုယ်ချင်းစာစေဖို့နဲ့ဆွံ့အနားမကြားသူတွေဟာ လူ့ဘာင်လောကမှာ အနှိမ်ခံလူတန်းစားတွေမဟုတ်ကြောင်းများစွာထောက်ပြခဲ့ပါတယ်။ Barfiရုပ်ရှင်ကြောင့်အိန္ဒိယပြည်နယ်၆ခုမှာ ဆွံ့အနားမကြားကျောင်း၄၈ကျောင်းထိ တစ်နှစ်တည်းမှာထပ်မံဖွင့်လှစ်ပေးခဲ့သလို ဆွံ့အနားမကြားတွေအတွက်ခရီးသွားလာရေးမှာ အခမဲ့လိုက်ပါနိုင်ဖို့သယ်ယူပို့ဆောင်ရေးပုဂ္ဂလိကပိုင်လိုင်း၁၉လိုင်းမှ ချမှတ်ခဲ့ကြပါတယ်။ ဆွံ့အ နားမကြားကောင်လေးနဲ့ ဉာဏ်ရည်ချို့တဲ့ကောင်မလေးကြားက အချစ် သံယောဇဉ် ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့မှု သေသည့်တိုင်လက်တွဲမဖြုတ်ခဲ့မှုတွေ ဆွံ့အနားမကြားကောင်လေးကို ပြန်ပေးစွဲတရားခံအဖြစ်ခုတုံးလုပ်ခဲ့မှု ဆွံ့အနားမကြားကောင်လေးနဲ့ လူကောင်းမိန်းကလေးကြားက ကွဲကွာခဲ့ရတဲ့မပြည့်စုံခြင်းတွေ အချစ်ဟာလောကမှာ ဘယ်လောက်ထိခမ်းနားကြောင်း ပြသထားမှု စတဲ့ရသများစွာကို Barfi ဟာပေးနိုင်ခဲ့ပြီး Oscar Listမှာ ဆန်ကာတင်ခံခဲ့ရတဲ့အိန္ဒိယရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ထူးခြားမှုကတော့ Barfi ရုပ်ရှင်မှာ နာမည်ကြီး လူငယ်မင်းသားRanbir Kapoor နဲ့ ကမ္ဘာကျော်အိန္ဒိယမင်းသမီး Priyanka Chopraတို့ဟာ တစ်ကားလုံးမှာ”Barfi”ဆိုတဲ့Dialogueကိုသာ အများဆုံးပြောခဲ့ရပြီး တစ်ကားလုံးရဲ့သရုပ်ဆောင်မူဟာ Slient Acting Methodကိုသာအခြေခံရိုက် ကူးခဲ့တာဖြစ်ပါတယ်။ Ranbir Kapoorဟာ Barfi အတွက် ဒေလီက ဆွံ့အနားမကြားကျောင်း “Vari School”မှာ ၂ပတ်တိတိသွားရောက်နေထိုင်ကာ သရုပ်ဆောင်မှုတွေအတွက် ဆွံ့အနားမကြားတွေရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုအတိုင်းနေခဲ့ပြီး မင်းသမီးPriyanka Chopra ဟာ Barfiရုပ်ရှင်အတွက် ၁၅ပေါင် Weightချကာ ဆံပင်ပါညှပ်ခဲ့ပြီး ကျပ်မပြည့်တဲ့မိန်းကလေးဇာတ်ကောင်အတွက် ကျကျနနပြင်ဆင်ခဲ့ပါတယ်။ Barfiရဲ့ အောင်မြင်မူကတော့ ရူပီကုဋေ၄၀သာ ရင်းခဲ့ပေမယ့် ရူပီ၁၇၂ကုဋေထိပြန်ရကာ highest-grossing Bollywood films of 2012 အပြင် filmfare award မှာလဲရုပ်ရှင်ဆုများစွာရရှိခဲ့ပါတယ်။ Barfi ဟာ ရှားရှားပါးပါး ဂျပန်Film Industryမှာ၂ပတ်တိတိရုံတင်ခံရတဲ့ အိန္ဒိယရုပ်ရှင်လည်းဖြစ်ခဲ့ပါသေးတယ်။ (ရုပ်ရှင်အညွှန်းကို Htet Wa Na Facebook မှ ကူးယူဖော်ပြပါသည်။)

Tags: , ,

You might also like..