5.2 Sentinelle

Sentinelle

ဖရန်စစ် ဆန်တီနယ်လ်ဟာ တစ်ကောင်လုံးပြတောင် အရိပ်မမြင်ဘဲ ပေါ့ပျက်ပျက်လုပ်တတ်တဲ့ ခပ်တုံးတုံး အနုပညာရူး ရူးနေတဲ့ ရဲဌာနခေါင်းဆောင် ကပ္ပတိန်ပါ။ သူ့ရဲ့လက်အောက်မှာတော့ တစ်ကယ်အလုပ်ကြိုးစားပြီး စိတ်နေသဘောထားမှန်ကန်တဲ့ မိုရီဆေး လက်ထောက်ရဲဝန်ထမ်းရှိပါတယ်။ တစ်နေ့မှာတော့ မျိုးရိုးစဉ်ဆက် မတရားသဖြင့် အုပ်ချုပ်လာတဲ့ နိုင်ငံ့သမ္မတကြီးဟာ သွေးစွန်းလက်များဆိုတဲ့ အကြမ်းဖက်အဖွဲ့ဆီကနေ လာမယ့်ရွေးကောက်ပွဲမှာ နုတ်ထွက်ရင်နုတ်ထွက်၊ မထွက်ရင် တစ်မိသားစုလုံး အန္တရာယ်ကျရောက်မယ်လို့ ခြိမ်းခြောက်ခံလိုက်ရပါတယ်။ ...

NR
5.2
2023 Action 99 min Play
3.3 Island Escape

Island Escape

Science-Fiction နဲ့ Horror ကြိုက်တဲ့သူအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လူမသိသူမသိကျွန်း တစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ ဒီကျွန်းက “Elite Soldier” တွေကို မွေးထုတ်ဖို့အတွက် လေ့ကျင့်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကျွန်းဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သုတေသီတစ်ယောက်ဖြစ်တဲ့ စီအီးအိုတစ်ယောက်ရဲ့သမီးကလည်း မတော်တဆမှုထဲပါသွားတဲ့အတွက် စီအီးအိုရဲ့ သမီးကို သွားကယ်ဖို့ ကုမ္ပဏီကနေပြီးတော့ စစ်ပြန်နဲ့ ပရော်ဖက်ရှင်နယ်တစ်စုကို ...

NR
3.3
2023 Action 86 min Play
0 Sacrum Vindictae

Sacrum Vindictae

ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်ကို မတရားဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ဘယ်လိုနေမလဲ။အဲ့လိုဆုံးရှုံးအောင် လုပ်ခဲ့တဲ့သူကို အနည်းနဲ့ အများတော့ လက်စားချေခြင်စိတ်တွေပေါ်နေမှာတော့သေချာပါတယ်။ ဒီကားထဲမှာလည်း စစ်တပ်ထဲကနေထွက်လာပြီး မိန်းမနဲ့ကလေးနဲ့မိသားစုဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ နုချ်ကတစ်နေ့မှာတော့ ကံကြမ္မာဆိုးကြီးနဲ့ကြုံတွေ့ရပြီး သူ့မိန်းမနဲ့ကလေးကိုဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့နုချ်လည်း ကမ္ဘာပျက်ပြီးတော့ ပြန်လက်စားချေဖို့လုပ်ရင်းနဲ့ ကြေးစားလူသတ်သမားဖြစ်နေပါတော့တယ်။ သူ့အလုပ်ရှင်က ...

NR
0
2023 Action 0 min Play
6.7 Retribution

Retribution

မင်းသားကြီး လီယံနီဆန် စီးတဲ့ကားထိုင်ခုံအောက်ကို ဗုံးထောင်ရဲတဲ့ကောင် ပေါ်လာပါပြီ။ ဗုံးကတော့ ဖင်ကြွလိုက်ရင် ကွဲမယ့်ဗုံးပါ။ ကားထဲမှာ သူ့သားနဲ့ သမီးလည်း ပါနေပြီး ဖုန်းတစ်လုံးကနေ လူဆိုးခိုင်းတာမှန်သမျှ ဖင်မကြွဘဲ လိုက်လုပ်ရပါတော့တယ်။ ဒီတစ်ခါတော့ ဘတ်မန်းရဲ့ဆရာလည်းမဟုတ်၊ အိုဘီဝမ်ရဲ့ ဆရာလည်းမဟုတ်တာမို့ ဗုံးကိုဖြုတ်မရဘဲ တစ်မြို့လုံး ပတ် ပြဿနာရှာရပါတော့တယ်။ ဇာတ်လမ်းက ကောင်းပါတယ်။ ကောင်းဆို 2015 တုန်းကထွက်ခဲ့တဲ့ နာမည်ကြီးစပိန်ကားကို သုံးကြိမ်မြောက် ပြန်ရိုက်တာပါ။ ရှေ့မှာလည်း ဂျာမနီက Don’t Get Out ...

R
6.7
2023 Action 91 min Play
6.4 Tango & Cash

Tango & Cash

၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က ...

R
6.4
1989 Action 104 min Play
6.7 The Equalizer 2

The Equalizer 2

မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ… ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့ The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ.. နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ… ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington က တကယ့်တရားသူကြီးတစ်ယောက်လို ...

R
6.7
2018 Action 121 min Play
7.2 The Equalizer

The Equalizer

သွေးမတော်သားမစပ် လူကြီးနဲ့ ကလေးတစ်ယောက် သူတို့နောက်လိုက်တဲ့ အစိုးရအဖွဲ့တွေဆီကနေ ထွက်ပြေးတဲ့ ဇာတ်လမ်းပါ။ ရစ်ကီဘိက်ကာဆိုတဲ့ မိဘမဲ့ကောင်လေးကို ဟိက်နဲ့ ဘယ်လာဆိုတဲ့ ယာသမားစုံတွဲက မွေးစားရာကနေ အရှုပ်ထုပ်တွေစခဲ့တာပါ။ ရစ်ကီက ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အတွက်တော့ ဆိုးသွမ်းခိုးနှိုက် ဖျက်ဆီးတတ်တဲ့ ပြသာနာကောင်လေးပေါ့။ ရစ်ကီရဲ့မွေးစားအမေ ဘယ်လာကတော့ သူ့ကို ဂရုတစိုက်စောင့်ရှောက်ပေးပါတယ်။ ဟိက်ကတော့ သူ့ဟာသူနေတာပါ။ တစ်နေ့မှာ ဘယ်လာ ဆုံးသွားပြီး ဟိက်က ပြစ်မှုမှတ်တမ်းဟောင်းကြောင့် ရစ်ကီကို ...

NR
7.2
2014 Action 132 min Play
0 Bone Cold

Bone Cold

ဂျွန် နဲ့ မာကို ဟာ လျှို့ဝှက်စစ်ဆင်ရေးတွေ၊ လုပ်ကြံရေးတွေလုပ်ကြတဲ့ အထူးတပ်ဖွဲ့ဝင် စနိုက်ဘာသမားနဲ့ နေရာပြသမားပါ..။ သူတို့ရဲ့ တစ်ခုသော မစ်ရှင်ဟာ ယူကရိန်း-ရုရှားနယ်စပ်က တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ ရုရှားထောက်ခံ ယူကရိန်းခွဲထွက်ရေးသမားကို လုပ်ကြံဖို့ပါ…။ ဘာလို့ဆို ဒီခွဲထွက်ရေးသမားဟာ စစ်မီးမွေးဖို့ကြံနေတာကြောင့်ပါပဲ…။ ဒီလိုနဲ့ ဂျွန်နဲ့ မာကိုဟာ တာဝန်ထမ်းဆောင်ဖို့အတွက် ယူကရိန်းနယ်စပ်တောအုပ်ထဲကို ရောက်လာခဲ့ပါတယ်…။ ယုံတမ်းစကားတွေအရဆိုရင် ယူကရိန်းတောအုပ်ထဲမှာက ဒဏ္ဍာရီလာ သတ္တဝါတွေအစုံရှိပါတယ်တဲ့…။ ...

NR
0
2023 Action 109 min Play
3.8 Ramabanam

Ramabanam

အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင် မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူသိသွားပြီး ...

NR
3.8
2023 Action 143 min Play
7 In the Line of Fire

In the Line of Fire

ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကား​တွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။ ​ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတ​က​နေဒီရဲ့ သက်​တော်​စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ က​နေဒီလုပ်ကြံခံရတဲ့အချိန် သက်​တော်​စောင့်အဖြစ်ရှိခဲ့တဲ့ ဖရန့်ခ်ဟာ အဲဒီကိစ္စ​နောက်ပိုင်း ...

R
7
1993 Action 128 min Play
0 Detective Dee and The Phantom Soldier

Detective Dee and The Phantom Soldier

စုံထောက်ကြီးဒီးရဲ့ ပြောမဆုံးပေါင်တောသုံးတောင် အမှုတွေထဲက ထူးဆန်းတဲ့အမှုနောက်တစ်မှုလာပါပြီ…… ဘုရင်မကြီးဝူကျယ်ထျန်းဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ပင်းကျိုးကိုပြန်လာပြီး ဘိုးဘေးကန်တော့်ဖို့ရောက်လာတဲ့အချိန်မှာ တစ်မိသားစုလုံးသတ်ခဲ့ရတဲ့ ထူးဆန်းတဲ့လူသတ်မှုဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပင်းကျိုးက အားထားရတဲ့စုံထောက်ကြီးဖြစ်တဲ့ ဒီးရန်ကျယ်က ဒီအမှုကိုတာဝန်ယူပြီးစုံစမ်းတော့တာပေါ့။ ဒီးရန်ကျယ်ဟာ မီးခိုးကြွက်လျှောက် အမှုကိုလိုက်ရင်း တစ်နေ့မှာတော့ တစ္ဆေလိုလိုနတ်လိုလိုပေါ်လာပြီး မရဏနန်းတော်က အမှောင်စစ်သည်ပါဆိုပြီး ...

NR
0
2023 Action 74 min Play
7.4 Going by the Book

Going by the Book

အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရစေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ် လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ “- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ “ ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။ IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါတယ်။ CJ Entertatinment ကထုတ်လုပ်ထားပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ...

NR
7.4
2007 Action 102 min Play
6.9 Blue Beetle

Blue Beetle

DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာ စူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့ အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင် ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ ကျည်မတိုးတာတွေ၊ ...

PG-13
6.9
2023 Action 128 min Play
6.0 Darkland: The Return

Darkland: The Return

ဒီကားလေးကတော့ ၂၀၁၇နှစ်ကထွက်ရှိခဲ့တဲ့ ဒိန်းမတ်အက်ရှင်ဒရာမာကား Darkland ရဲ့အဆက်လေးပါ။ လွန်ခဲ့တဲ့(၇)နှစ်က ညီဖြစ်သူအတွက် တရားမျှတမှုရှာရင်း ဇိတ်တစ်ယောက် ဆရာ၀န်ဘ၀ ဇနီးဖြစ်သူနဲ့သားလေး အကုန်ဆုံးရှုံးလိုက်ရပြီး ထောင်ထဲမှာအချိန်ကုန်နေရပါတယ်။ တစ်ရက်ကျတော့ အမျိုးသားလုံခြုံရေးအရာရှိတစ်ဦးရောက်လာပြီး ဂိုဏ်းတစ်ခုထဲမှာ သူလျှိုအဖြစ်လုပ်ပေးရင် လွတ်လပ်ခွင့်ရမယ်လို့ကမ်းလှမ်းလာပါတယ်။ ဇိတ်ကလည်း သားဖြစ်သူနဲ့ ပြန်နီးစပ်နိုင်ဖို့ လက်ခံဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ...

NR
6.0
2023 Action 110 min Play
6.6 Special Forces

Special Forces

ဒီ Special Forces ဇာတ်ကားကတော့ ရုပ်မြင်သံကြားမှာ ကိုယ့်တွေ့မှတ်တမ်းတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီဖင်ရိုင်ဘိုဂျက် က စီစဉ်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက ဒီဇာတ်ကားကို ရိုက်ဖြစ်ပုံက သူ့ငယ်စဥ်ကတည်းက ဝါသနာ ဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေလုပ်ရင်းနဲ့ တချို့ဇာတ်ကားတွေ ရိုက်ကူးမှုတွေမှာ ကာကွယ်ရေးဌာနနှင့် ဆက်ဆံလာရပြီး စစ်တပ်အပေါ် ယခင်က စဉ်းစားပုံတွေပြောင်းလာပြီး စစ်သားတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံတွေကို စိတ်ဝင်စားလာတာကြောင့် စစ်သားတွေရဲ့ သက်စွန့်ဆံဖျားကြိုးစားကြရပုံကို ...

R
6.6
2011 Action 109 min Play
6.0 Red State

Red State

ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။ တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ...

R
6.0
2011 Action 88 min Play
6.1 Redeemer

Redeemer

ပါဒိုဆိုတဲ့လူသတ်သမားတစ်ယောက်ဟာ တစ်နေ့ သူလုပ်ကြံရမယ့်သူရဲ့သားကို မထင်မှတ်ဘဲ သတ်မိသွားတယ်။ တစ်ဦးတည်းသောသားလေးအသတ်ခံရအတွက် စကော်ပီယံဟာ ပါဒိုကို မြေလှန်လိုက်ရှာပြီး မိန်းမနဲ့ မမွေးသေတဲ့ကလေးကို ပါဒိုရဲ့ရှေ့မှာနှိပ်စက်ပြီးသတ်ပစ်လိုက်တယ်။ ပါဒို‌ကိုတော့ သဲကန္တာရအလယ်မှာ ကျည်တစ်တောင့် သေနတ်တစ်လက်နဲ့ထားခဲ့လိုက်တယ်။ သဲကန္တာရကနေ အသက်ရှင်လာတဲ့ ပါဒိုဟာဘုရားသခင်ရဲ့စောင့်ရှောက်မှုကြောင့် မသေဘူးလို့ယူဆလိုက်ပြီး ကောင်းကင်ဘုံကိုသွားဖို့အတွက် ဘုရားကျောင်းမှာ ...

NR
6.1
2014 Action 88 min Play
6.1 The Killer

The Killer

အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာ အဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီး ပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီး မွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီး သူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင် လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာ မန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့် ထင်သလောက် ...

NR
6.1
2017 Action 99 min Play
9 Juang

Juang

ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က “တိုက်ပွဲ”လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ ...

NR
9
2022 Action 120 min Play
6.1 Darkland

Darkland

ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ “ရာဇင်း” ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။ အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ ...

NR
6.1
2017 Action 112 min Play
5.4 The Assistant

The Assistant

သူများချောက်ချတာခံရလို့ ဆယ်နှစ်ကြာ အပြစ်မရှိပဲထောင်ထဲနေလိုက်ရတဲ့ ဇဖစ်၊ အထဲရောက်ပြီး နှစ်နှစ်အကြာမှာတော့ အပြင်မှာကျန်ခဲ့တဲ့ မိန်းမနဲ့သားက တရားခံမပေါ်ပဲအသတ်ခံလိုက်ရတာသိသွားလိုက်ချိန်မှာ ကမ္ဘာပျက်မတက်…. ။ နောက်ထပ်ရှစ်နှစ်ကျော်ကြာ၊ ရက်တွေပြည့်တဲ့အထိနေရင်း အိမ်ကိုပြန်ရောက်တဲ့တနေ့ကျ ဖယ်ရို့စ်နဲ့ မထင်မှတ်ပဲဆုံမိရာကနေအတွဲညီပြီး မိသားစုကို သတ်သွားတဲ့ တရားခံရှာပုံတော်စဖွင့်ပါတယ်။ ရှာတုန်းဖွေတုန်းမှာပဲ ဇဖစ်တို့ သူတို့ကိုယ်တိုင်မသိလိုက်ခင် မြို့ရဲ့ အကြမ်းဆုံးလူမိုက်ဂိုဏ်းနဲ့ သွားပတ်သတ်မိချိန်မှာတော့….

NR
5.4
2022 Action 124 min Play
6.6 Three Kings

Three Kings

ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့‌ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းကတော့… Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ...

R
6.6
1999 Action 114 min Play
5.4 30 Days Max

30 Days Max

ဒီဟာသဇာတ်ကား​လေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဘဝကိုဖြတ်သန်း​နေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်​တော့ မယ်ဆိုရင် ကျွန်​​တော်တို့​ရော ဘာ​တွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျ​ချော် နိုင်တဲ့ရဲဝန်ထမ်းတစ်​ယောက်၊ အ​​​ဖေဖြစ်သူကိုဂုဏ်ယူ​စေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီး ကြိတ်ကြိုက်​နေရတဲ့ တွဲဖက်​ရဲ​မေကိုလည်း အထင်ကြီး​အောင် လုပ်ပြချင်​နေတဲ့သူ​ ပေါ့။ ကံဆိုးချင်​တော့ သူရဲ့​ပေါ့တိ​ပေါ့ပျက်နိုင်မှု​တွေ​ကြောင့် အ​ရေးကြီးတဲ့စစ်ဆင်​ ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ...

NR
5.4
2020 Action 87 min Play
5.9 Lost in the Sun

Lost in the Sun

“ငါထောင်ထဲမှာတုန်းက လူတိုင်းက သူတို့လုပ်ခဲ့တဲ့အမှားတွေအတွက် အခြားသူတွေကို အပြစ်တင်ကြတယ်” “ဒါပေမဲ့ ငါ့အမှားတွေက ငါကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေပဲ၊ ဘယ်သူ့အမှားမှမဟုတ်ဘူး” “ပြဿနာက အဲဒီအမှားတွေက ငါပြောင်းလဲလို့မရတော့တဲ့အရာတွေပဲ” ဂျွန်ဆိုတဲ့လူဟာ အိမ်ပိုင်မရှိ၊ အကြွေးတစ်ပုံကြီးနဲ့ ကားပေါ်မှာပဲဖြစ်သလိုနေပြီး ဘဝကို ဖြစ်သလိုရှင်သန်နေတဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ပါ။ လျှို့ဝှက်ချက်တွေအများကြီးနဲ့ ဘယ်သူ့ကိုမှမယုံကြည်တတ်တဲ့ တစ်ဇွတ်ထိုးသမား ဂျွန်ဟာ တစ်ရက်မှာ လူးဝစ်ဆိုတဲ့ကောင်လေးကို Farmington, New ...

NR
5.9
2015 Action 95 min Play