7.3 Duma

Duma

ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော် သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊ ​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လို ဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb 7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက ​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီး ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင် လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ ...

PG
7.3
2005 Adventure 100 min Play
5.2 Sentinelle

Sentinelle

ဖရန်စစ် ဆန်တီနယ်လ်ဟာ တစ်ကောင်လုံးပြတောင် အရိပ်မမြင်ဘဲ ပေါ့ပျက်ပျက်လုပ်တတ်တဲ့ ခပ်တုံးတုံး အနုပညာရူး ရူးနေတဲ့ ရဲဌာနခေါင်းဆောင် ကပ္ပတိန်ပါ။ သူ့ရဲ့လက်အောက်မှာတော့ တစ်ကယ်အလုပ်ကြိုးစားပြီး စိတ်နေသဘောထားမှန်ကန်တဲ့ မိုရီဆေး လက်ထောက်ရဲဝန်ထမ်းရှိပါတယ်။ တစ်နေ့မှာတော့ မျိုးရိုးစဉ်ဆက် မတရားသဖြင့် အုပ်ချုပ်လာတဲ့ နိုင်ငံ့သမ္မတကြီးဟာ သွေးစွန်းလက်များဆိုတဲ့ အကြမ်းဖက်အဖွဲ့ဆီကနေ လာမယ့်ရွေးကောက်ပွဲမှာ နုတ်ထွက်ရင်နုတ်ထွက်၊ မထွက်ရင် တစ်မိသားစုလုံး အန္တရာယ်ကျရောက်မယ်လို့ ခြိမ်းခြောက်ခံလိုက်ရပါတယ်။ ...

NR
5.2
2023 Action 99 min Play
6.6 Once Upon a Crime

Once Upon a Crime

ငယ်ငယ်တုန်းက သဘောကျခဲ့ကြတဲ့ Cinderella နဲ့ ရွှေမင်းသားလေးကို ဂျပန်ဗားရှင်းနဲ့ ကြည့်လို့ရပါပြီ။ ဒီဇာတ်လမ်းမှာ တမူထူးခြားနေတာကတော့ “ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါး” လို့ မဟုတ်ဘဲ “ဟိုးရှေးရှေးတုန်းက လူသတ်မှုတစ်ခု” နဲ့ အစချီထားတာပါပဲ။ Fantasy/ Crime/ Mystery စတဲ့ Genre (၃) မျိုးကို တစ်ကားတည်းမှာ ကြည့်ရမှာမို့ ကြည့်မိလို့ နောင်တရမယ့်ကားမျိုးတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကိုယ်သိထားတဲ့ Cinderella ဇာတ်လမ်းကနေ ကွဲထွက်ပြီး ထူးခြားတဲ့ Plot တစ်ခုမို့ မြှုပ်ကွက်လေးတွေနဲ့အတူ ...

PG
6.6
2023 Adventure 105 min Play
6.4 Tango & Cash

Tango & Cash

၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က ...

R
6.4
1989 Action 104 min Play
10 Cricket & Antoinette

Cricket & Antoinette

နှံကောင်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေရဲ့အကြောင်း ရိုက်ထားတဲ့ 2023 ထွက် animationကားအသစ်လေးဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အီစွတ်ပုံပြင်မှာလိုပဲ ပုရွက်ဆိတ်လေးတွေက တကုပ်ကုပ်နဲ့ ဆောင်းရာသီအတွက် အစာတွေကို ကြိုးကြိုးစားစားစုဆောင်းနေချိန်မှာ နှံကောင်လေးကတော့ ပေါ့ပေါ့ပါးပါးအေးအေးလူလူနေခဲ့တဲ့ ဇာတ်လမ်းလိုပါပဲ။ ကာတွန်းဇာတ်လမ်းထဲမှာ Ket ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လေးတွေကို ဖျော်ဖြေတဲ့ တီးဝိုင်းခေါင်းဆောင်ပါ။သူတို့အနီးအနားမှာတော့ Antoinette လို့ခေါ်တဲ့ ...

NR
10
2023 Adventure 85 min Play
7.3 Barbie

Barbie

Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။ မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီး IMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီ မဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့ မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။ ...

PG-13
7.3
2023 Adventure 114 min Play
6.9 Blue Beetle

Blue Beetle

DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာ စူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့ အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင် ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ ကျည်မတိုးတာတွေ၊ ...

PG-13
6.9
2023 Action 128 min Play
6.9 The Adventures of Tintin

The Adventures of Tintin

ဒီ 3D အန်နီမေးရှင်း ဇာတ်ကားလေးဟာ တကယ့်ဒိတ်ဒိတ်ကျဲ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာကြီး Steven Spielberg ရဲ့ ပြောင်မြောက်လှတဲ့ လက်ရာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ Action & Adventure အမျိုးအစားဇာတ်ကားဖြစ်ပြီး PG အဆင့်သတ်မှတ်ထားကာ မိသားစုနဲ့အတူ ကြည့်ရှုနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ IMDB rating 7.4 အထိရရှိထားပြီး အလားတူပဲ Rotten Tomatoes မှာလည်း rating 7.5 အထိ ရရှိထားတဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်း အညွှန်းပြောရရင် ...

PG
6.9
2011 Adventure 107 min Play
7.1 Jason and the Argonauts

Jason and the Argonauts

ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်း‌တွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအ‌ကျော်အ‌မော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က ...

G
7.1
1963 Adventure 104 min Play
7.4 Strays

Strays

ဒီခွေးကားက လူကြီးတွေကြည့်ပြီး အထာတွေပေါက် စခွီထရမယ့်ကားပါ။ စကားအသုံးအနှုန်းကြမ်းတမ်းမှု အဆဲအဆိုအစုံ မူးယစ်ဆေး လိင်ကိစ္စအားလုံးပါဝင်တာကြောင့် R-Rated ဖြစ်ပါတယ် ဇာတ်လမ်းလေးကလဲ ကြည်နူးစရာပါပဲ။ ခွေးတစ်ကောင်က သူ့သခင်ဟူးမန်းရဲ့ဒစ်ကို ကိုက်ဖြတ်မယ်ဆိုပြီး သူ့ဟူးမန်းဆီကို ပြန်တဲ့ အိမ်ပြန်ခရီးပါ။ ဒီလိုပြောလို့ ခွေးက ဆိုးလှချည်းလားလို့ မထင်ပါနဲ့။ ဒီခွေးလေးနာမည်ကတော့ ရက်ဂျီပါ။ သူ့သခင်ဒေါ့ဂ်က သူ့ကိုတစ်စက်မှမချစ်ပါဘူး။ သူ့ရည်းစားရဲ့ခွေးကို ရည်းစားနဲ့ပြတ်သွားတော့ တမင်ညစ်ပြီးယူထားလိုက်တာပါပဲ။ ရက်ဂျီကတော့ ...

R
7.4
2023 Adventure 93 min Play
7.0 The Northman

The Northman

ဒီရုပ်ရှင်ကားကြီးကတော့ နော်ဝေးဗိုက်ကင်းတွေရဲ့ ခေတ်ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ နာမည်ကျော်ဗိုက်ကင်းစီးရီးကြီးနဲ့ ဆက်စပ်တာတော့မဟုတ်ပါဘူး။ မင်းသားအမ်လက်သ်ရဲ့ ဒဏ္ဍာရီဆိုတဲ့ ရှေးပုံပြင်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ Anya Taylor-Joy , Nicole Kidman ,Alexander Skarsgård တို့အပြင် အခြားသရုပ်ဆောင်များစွာရဲ့ သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ ရိုက်ကူးချက်အလန်းတွေ တိုက်ခိုက်ခန်းအလန်းတွေကိုမြင်ရမှာဖြစ်ပါတယ်။ အဖော်အချွတ်ခန်းအနည်းငယ်ပါလို့ အိမ်မှာ မိသားစုနဲ့ကြည့်ရင်တော့ သတိထားရမှာပါပဲ။ ...

R
7.0
2022 Action 137 min Play