5.9 The Elderly

The Elderly

ဒီကားလေးကတော့ 2022 ခုနှစ်ထွက် စပိန် ဟော်ရာ ဖန်တ‌စီကားလေးဖြစ်ပါတယ်။ Award တစ်ခုလည်းရထားပြီး Nomination လေးခုလည်း ၀င်ထားပါသေးတယ်။ ဇာတ်လမ်းအစမှာ ရိုဆာဆိုတဲ့အဖွားအိုတစ်ယောက်က ၀ရန်တာပေါ်က ခုန်ချသတ်သေသွားပြီး ခင်ပွန်းသည်ဖြစ်သူ မန်နျူရယ်တစ်ယောက်သာ‌ကျန်ခဲ့လို့ သားဖြစ်သူက ‌အိမ်ပေါ်ခေါ်တင်စောင့်ရှောက်ထားပါတယ်။ ဒါပေမဲ့ မန်နျူရယ်က စိတ်ကျရောဂါကိုခံစားနေရပြီး ထင်ယောင်ထင်မှားတွေဖြစ် အသံတွေကြားနေရတယ်လို့ပြောပြီး ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို စတင်လုပ်လာတော့ နဂိုမကြည်ဖြူရင်းစွဲရှိသူချွေးမဖြစ်သူက ...

NR
5.9
2023 Fantasy 95 min Play
5.7 Quarantine

Quarantine

Horrorရုပ်ရှင်ရိုက်တဲ့နေရာမှာ နာမည်ကြီးဖြစ်တဲ့ ဒါရိုက်တာ John Eric Dowdle ရဲ့ 2008ခုနစ်က ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ တီဗီသတင်းတင်ဆက်သူနဲ့ သူမရဲ့ကင်မရာမန်းက မီးသတ်ဌာနမှာ လေ့လာရေးအစီအစဉ်သွားရိုက်ရင်း ထူးဆန်းတဲ့ဗိုင်းရပ်စ် ပျံ့နေတဲ့ အဆောက်အအုံထဲ ပိတ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

R
5.7
2008 Horror 89 min Play
6.3 Stockholm

Stockholm

အလေးအနက်ထားချင်တဲ့ကောင်မလေးတစ်ယောက်နဲ့ တစ်ညတာပျော်ပါးချင်တဲ့ကောင်လေးတစ်ယောက် ပါတီပွဲတစ်ခုမှာ တွေ့ကြပါတယ်။ ကောင်လေးက ကောင်မလေးကို ချစ်မိသွားပါပြီဆိုတဲ့ စကားနဲ့ စတင်မိတ်ဆက်တယ်၊ ကောင်မလေးကို အိမ်အပါခေါ်ဖို့ဆွယ်တယ်။ ပုံမှန်ကောင်မလေးတစ်ယောက်အတွက်ဆိုရင်တော့ ဒီကောင်လေးက ငြင်းရက်စရာမရှိပေမယ့် ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်အမျိုးသမီးလေးကတော့ ငြင်းပါတယ်။ ဒီလိုကနေ ကောင်မလေးရဲ့အိမ်အပြန်လမ်းမှာ ဒီကောင်လေးဟာ စကားတွေလိုက်ပြောရင်း သူ့အချစ်တွေကို သက်သေပြဖို့လုပ်တော့တာပေါ့။ အလိမ်အညာမပါ အမှန်တွေသာ ပြောနေပါတယ်ဆိုတဲ့ ...

NR
6.3
2013 Drama 90 min Play
5.6 Killer Book Club

Killer Book Club

ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်စုဟာ ရသစာပေခံစားချက်တွေကို မျှဝေဖို့စာအုပ်အသင်းတစ်ခုဖွဲ့ခဲ့ကြတယ်။ အဲ့မှာတစ်ယောက်က သေမင်းတမန်လူပျက်စာအုပ်အကြောင်းဆွေးနွေးပြီးနောက်ပိုင်း မတော်တဆ လူသတ်မှုတစ်ခုမှာ သူတို့အားလုံးပါဝင်ခဲ့သလိုဖြစ်သွားကြတယ်။ နောက်တော့ အမည်မသိစာရေးဆရာက သူတို့ရဲ့အကြောင်းကို အခြေခံပြီးတော့ လူမှုမီဒီယာအပေါ်မှာ သည်းထိတ်ရင်ဖို အခန်းဆက်ဝတ္တုတစ်ပုဒ်ကိုဖန်တီးပြီး တစ်ပိုင်းမှာတစ်ယောက်ချင်းစီကို သတ်ပစ်မယ်ဆိုပြီး liveလွှင့်ပြီးခြိမ်းခြောက် ပြောဆိုခဲ့တာပေါ့။ သူတို့အဖွဲ့ဟာ ...

R
5.6
2023 Horror 89 min Play