
Darkland: The Return
ဒီကားလေးကတော့ ၂၀၁၇နှစ်ကထွက်ရှိခဲ့တဲ့ ဒိန်းမတ်အက်ရှင်ဒရာမာကား Darkland ရဲ့အဆက်လေးပါ။
လွန်ခဲ့တဲ့(၇)နှစ်က ညီဖြစ်သူအတွက် တရားမျှတမှုရှာရင်း ဇိတ်တစ်ယောက် ဆရာ၀န်ဘ၀ ဇနီးဖြစ်သူနဲ့သားလေး အကုန်ဆုံးရှုံးလိုက်ရပြီး ထောင်ထဲမှာအချိန်ကုန်နေရပါတယ်။ တစ်ရက်ကျတော့ အမျိုးသားလုံခြုံရေးအရာရှိတစ်ဦးရောက်လာပြီး ဂိုဏ်းတစ်ခုထဲမှာ သူလျှိုအဖြစ်လုပ်ပေးရင် လွတ်လပ်ခွင့်ရမယ်လို့ကမ်းလှမ်းလာပါတယ်။ ဇိတ်ကလည်း သားဖြစ်သူနဲ့ ပြန်နီးစပ်နိုင်ဖို့ လက်ခံဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။
Rating ကောင်းတွေရထားရုံတင်မက အရင်ကားထက် ဒီ Sequel က ပိုကောင်းတယ်ဆိုတဲ့ Review ကောင်းတွေလည်းရထားတဲ့အတွက် အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)
Tags: vigilante
Collection: Darkland Collection
- 3 Views
- Like 0