Flight
6.8

Flight

NRDrama138 min

Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်….. တစ်ရက်ကျတော့ သူတာဝန်ယူမောင်းနှင်တဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ် …ဒါပေမယ့်သူဟာ ကျွမ်းကျင်မှူနဲ့ အခြေအနေပေါ်မူတည်ပြီးစွန့်စားမှုတွေပြုလုပ်ခဲ့လို့ လေယာဉ်ဟာ အကောင်းမွန်ဆုံးဆင်းသက်နိုင်ခဲ့တယ်… လူအနည်းငယ်သာ သေဆုံးခဲ့ရပြီး သူလည်း  ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်….လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် … ခင်ဗျားတို့အနေနဲ့ ဇာတ်လမ်းတစ်ခုလုံးပြောလိုက်တယ်လို့ထင်နေလိမ့်မယ်..အပေါ်ကပြောခဲ့တဲ့ဖြစ်စဉ်ဟာ အစပိုင်း မိနစ်(၂၀)လောက်မှာပဲဖြစ်သွားတာ…သူဆေးရုံကဆင်းပြီးတဲ့အချိန်မှာ တကယ့်ဇာတ်လမ်းက စတော့တာပဲ …သူ့ကို စုံခုံဖွဲ တရားရုံးတင်တော့တာပဲ…လူတွေကယ်တင်နိုင်ရဲ့သားနဲ့ဘာကြောင့်တရားရုံးတင်ခံရတာလဲ… သူဘာတွေများလုပ်ခဲ့လို့လဲ…သူကရော ဒီအမှုတောကြီးကနေရုန်းထွက်နိုင်ပါ့မလား.. Denezl Washington ကားတွေက သိတဲ့အတိုင်း ကားတိုင်းနီးပါးပြန်ကြည့်လည်း မရိုးနိုင်ပါဘူး…သူ့ရဲ့ အရှိန်အဝါနဲ့တင် ဇာတ်အိမ်မကောင်းရင်တော့ကြည့်ရတာ ရသမြောက်နေတတ်တာမျိုးပေါ့..ဒီကားက ဇာတ်အိမ်လည်းအတော်ကောင်းပါတယ်.. ပြသချိန် ၂နာရီ၁၈မိနစ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်နေရတာပါ… ဒီကားရဲ့ဒါရိုက်တာကတော့ Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။

Tags: , ,

You might also like..