
Queen of Triads 2 – Infinite Sneak
ဒီကားလေးက ထုံးစံအတိုင်း ဟောင်ကောင် မူးယစ်ဈေးကွက်လောကကို အခြေခံရိုက်ကူးထားတာပေါ့… ဟောင်ကောင် မူးယစ်ဈေးကွက်မှာ ဦးဆောင်နေတဲ့ နာမည်ကြီး လုပ်ငန်းရှင် ၄ ဦးထဲက ဖေးခွင်း ခေါ် အစ်ကိုခွင်းနဲ့ အစ်ကိုဟောက်တို့ကြားက ယှဉ်ပြိုင်မှုအပိုင်းအစလေးမှာ နှင်းဆီဆိုတဲ့ သူလျိုတစ်ယောက်ဝင် ဂယက်ရိုက်တာကို ကွင်းဆက်မိမိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တင်ဆက်ထားတာပါ… နှင်းဆီ ဆိုတဲ့ နာမည်အတိုင်း လှလည်းလှ ဆူးလည်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ … သူက ဖေးခွင်း လက်မှာ သေခဲ့ရတဲ့ အဖေ ရဲအရာရှိသွေး အပြည့်အဝပါသူမို့ လေ့ကျင့်ရေးမှာလည်း အမှတ်ကောင်းပြီး သူလျို့စစ်ဆင်ရေးအတွက် အရွေးချယ်ခံခဲ့ရသူလေးပေါ့… နှင်းဆီနဲ့ အစ်ကိုခွင်းဟာဆို မိဘကို သတ်ခဲ့တဲ့ သွေးရန်ငြိုးရှိနေသေလိုပဲ… တစ်ချိန်က အစ်ကိုခွင်း လက်အောက်ငယ်သားဖြစ်သူ အစ်ကိုဟောက်ကလည်း တစ်ချိန်က နှင်းဆီကို ကယ်ခဲ့သူဖြစ်နေတာပေါ့… ဒီလိုနဲ့ နှင်းဆီတစ်ယောက် အစ်ကိုဟောက်နားရောက်လာပြီး ဘယ်လို စစ်ဆင်ရေးလှုပ်ရှားမယ်ဆိုတာ
- 7 Views
- Like 0