7.2 Talk to Me

Talk to Me

ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ ...

NR
7.2
2023 Horror 95 min Play
7.0 The Northman

The Northman

ဒီရုပ်ရှင်ကားကြီးကတော့ နော်ဝေးဗိုက်ကင်းတွေရဲ့ ခေတ်ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ နာမည်ကျော်ဗိုက်ကင်းစီးရီးကြီးနဲ့ ဆက်စပ်တာတော့မဟုတ်ပါဘူး။ မင်းသားအမ်လက်သ်ရဲ့ ဒဏ္ဍာရီဆိုတဲ့ ရှေးပုံပြင်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ Anya Taylor-Joy , Nicole Kidman ,Alexander Skarsgård တို့အပြင် အခြားသရုပ်ဆောင်များစွာရဲ့ သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ ရိုက်ကူးချက်အလန်းတွေ တိုက်ခိုက်ခန်းအလန်းတွေကိုမြင်ရမှာဖြစ်ပါတယ်။ အဖော်အချွတ်ခန်းအနည်းငယ်ပါလို့ အိမ်မှာ မိသားစုနဲ့ကြည့်ရင်တော့ သတိထားရမှာပါပဲ။ ...

R
7.0
2022 Action 137 min Play